Skip to main content

ငါ့စိတ်ကူးတွေကို

ငါ ဆိုက်ကားနင်းပြီး

ကျောင်းထားပေးတယ်


ဒါကို ဒီကောင်

အချစ်ဆိုတဲ့ကောင်နဲ့ပေါင်းပြီး

ပျက်စီး၊ လမ်းမှားရောက်


ငါ ပင်ပန်းနေလား

ဒီကောင်တစ်ခါမှမမေး


သူ့ဘဝ သူပျော်အောင် သူနေ

ငါ့ဘဝ သူပျော်အောင် ငါနေ


ဒီကောင် ငါ့ကိုနားလည်မယ့်

နေ့ကျ

ငါအရက်နာကျပြီး​

သေနေလောက်ပြီး


ငါ့အသုဘကျ

ဒီကောင်လာငိုပြဦးမယ်


ဘောပဲ

Comments