သူတို့စကားမပြောဖြစ်တာ ၅ ရက်လောက်ရှိပြီလို့ သူကျွန်တော့ကိုပြောတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း အဲ့ဒီညမှ ကောင်မလေးဆီက ဖုန်းဝင်လာတယ်တဲ့။ ဒီကောင်က ည ၁၀ နာရီနောက်ပိုင်းဖုန်းတွေဆို ကိုင်လေ့မရှိပေမယ့် ကောင်မလေးဆီကဆိုတော့ ကိုင်လိုက်တယ် ထင်ပါတယ်။ သူတို့နှစ်ယောက် ၁ နာရီလောက်ဖုန်းပြောဖြစ်တယ်လို့ သူပြောတယ်။ ဒါပေမယ့် သူပြန်ပြောပြတဲ့အကြောင်းအရာတွေအရဆို ၁ နာရီလုံး ဖုန်းပဲ ကိုင်ထားကြတာ ထင်တယ်။ သူပြောပြသလောက်တော့ ကောင်မလေးက သူနဲ့ ရှေ့မဆက်ချင်တော့ဘူးလို့ ပြောတယ်တဲ့။ ဒီစကားတွေ ကြားရတော့မယ်ဆိုတာ သူကြိုသိနေပေမယ့် သူ့ဘက်က အဆင်သင့်ဖြစ်သေးပုံမပေါ်။ ဘာလို့လဲဆိုတော့ သူပြောပြသလောက် ကောင်မလေးသူ့ကို အဆက်ဖြတ်ဖို့ပြောတာ ၅ ကြိမ်မက လောက်ရှိမယ်ထင်တယ်။ ဒါပေမယ့် ဒီတစ်အခေါက်မှာတော့ သူလက်ခံလိုက်ပုံရတယ်။ အရင်အခေါက်တွေတုန်းကတော့ ကျွန်တော်နဲ့ကော်ဖီခါးခါးတစ်ခွက်က သူ့ကိုနှစ်သိမ့်ပေးနိုင်ခဲ့တယ်။ သူအတော်ပင်ပန်းနေပြီလို့ ပြောတာလည်း ကျွန်တော့ နားနဲ့မဆံ့အောင် ခဏခဏကြားဖူးတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း အခုအချိန်ကလည်း အဆင်ပြေတယ်ဆိုတဲ့သူ ဘယ်သူရှိလို့လဲ။ အကုန်လုံးက ဖြစ်ချင်တာတွေအကုန် အံဆွဲထဲထည့်၊ အိမ်မက်တွေက အမှိုက်ပုံးထဲရောက်။ အရာရာ ဖြစ်ချင်တာ ဖြစ်ချင်သလိုဖြစ်နေကြတာလေ။ ဒီနှစ်ကုန်လောက် သူနဲ့ကျွန်တော် ကောင်မလေးဆီသွားလည်ဖို့ တိုင်ပင်ထားတာတွေလည်း ရှိတယ်။ ခေတ်အခြေအနေအရ ခရီးသွားဖို့ကလည်း မဖြစ်နိုင်တော့ သွားလို့ရမယ့် အခြေအနေတစ်ခုခု သိရတိုင်း သူကျွန်တော့ကို ပြောပြတာတော့ မှတ်မိသေးတယ်။ ကျွန်တော် ဒီကောင့်ကို အရမ်းမျှော်လင့်ချက်မထားဖို့တော့ ပြောနေကျ။ ဒီကောင်ကလည်း စောက်ကျင့်ကိုက အဲ့လိုပဲ။ အရာရာကို အရမ်းကြီး serious ဖြစ်တာ။ သူနဲ့ ဖဲရိုက်ဖူးတဲ့ကောင်တွေဆို သိတယ်။ အမြဲ All In တဲ့ကောင်။ ဘယ်လောက်ထိထိလည်း စောက်မှတ်ကမရှိ။ ထားပါလေ၊ ဒါတွေပြန်ပြောနေလို့လည်း ဘာမှမထူးတော့ပါဘူး။ အဲ့ဒီညက သူဖုန်းချပြီးတော့ ကျွန်တော့ဆီ ဖုန်းခေါ်လာတယ်။ ခဏလောက်တွေ့ချင်တယ်တဲ့။ ညနှစ်နာရီကြီးဗျာ၊ ခင်ဗျားစဉ်းစားကြည့်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်တွေက ဒီကောင့်မှာအဖော်ဆိုလို့ ကျွန်တော်ပဲရှိတာဆိုတော့ အေးလာခေါ်လိုက်လို့ ပြောလိုက်တယ်။ သိပ်မကြာပါဘူး၊ ကောင်မလေးဆီသွားရင် စီးဖို့ဆိုပြီး ဝယ်ထားတဲ့ ကားအသစ်ကြီး ထုတ်လာပြီး ရောက်ချလာရော။ ကျွန်တော်ကားပေါ်တက်အပြီး ဘယ်မှာထိုင်မလဲ မေးတော့ သံလွင်တံတားဘေးသွားထိုင်ချင်တယ်တဲ့။ အဲ့ဒီကို သွားလေ့မရှိပေမယ့် ကျွန်တော်သိပ်စကားမရှည်နေပဲ တိတ်တိတ်ဆိတ်ဆိတ်လိုက်သွားလိုက်တယ်။ ကားထဲမှာလည်း အရမ်းတိတ်ဆိတ်လွန်းတော့ ကားစတီရီယိုအသံပဲ နည်းနည်းချဲ့လိုက်တယ်။ ဖွင့်ထားတဲ့သီချင်းကလည်း ကောင်မလေးကို သူဆိုပြနေကြထဲက တစ်ပုဒ်ပဲ။ ကျွန်တော်လည်း ကြားပါများပြီး ကြိုက်နေတာဆိုတော့ နည်းနည်းလိုက်ညည်းဖြစ်ရော။ ဒီကောင်ကငိုနေတော့ လိုက်မဆိုနေဘူးတော့ ထင်ပါတယ်။ ဒီလိုနဲ့ တံတားအရှည်ကြီးရဲ့ အလယ်နားလောက်ကျ ကားကို ဘေးကပ်ရပ်လိုက်ရော။ ကျွန်တော်တောင် တံတားပေါ်ကားရပ်မရကြောင်း ဖင်ယားပြီးပြောမိသေးတယ်။ သူကြားမယ့်ပုံတော့ မပေါ်။ မှတ်မိသေးတယ် ကားစက်ကိုတောင် ချက်ချင်းမသတ်ပဲ သီချင်းပြီးအောင် စောင့်နေသေးတာ။ ပြီးတော့ ကားပေါ်ကဆင်းပြီး တံတားလက်ရမ်းပေါ်တက်ထိုင်နေရော။ ထုံးစံအတိုင်း ကျွန်တော်လည်း သူ့ဘေးက ကပ်ထိုင်လိုက်ရော။ ပြီးတော့ ကျွန်တော့်ကို မီးညှိပြီး မပြည့်တပြည့်လကြီးကို မော့ကြည့်လိုက် တစ်ရှိုက်ရှိုက်လိုက်၊ ရေပြင်ကြီးကိုကြည့်လိုက် တစ်ရှိုက်ရှိုက်လိုက်နဲ့။ ခဏနေတော့ ကျွန်တော့ကို ရေထဲပစ်ချလိုက်ရော။ ပြီးတော့ သူလည်း ရေထဲခုန်ချလိုက်ရော။ အခုထိစဉ်းစားမရတာက ရေကြောက်တတ်တဲ့ကောင် ဘာလို့ရေထဲခုန်ချသွားလဲဆိုတာပဲ။
လူတော်တော်များများ အနက်ရောင်ကို ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲဆိုပြီး အတိအကျ မရှိပေမယ့် အနက်ရောင်မို့လို့ ကြိုက်ကြတာများတယ်။ အနက်ရောင်ဟာ အရောင်တွေထဲမှာပါနေလို့သာ အရောင်လို့ပြောရတာ သူက ဘာအရောင်မှ မဟုတ်နေဘူး။ ဘာလို့ဘာအရောင်မှ မဟုတ်ရတာလည်းဆိုတာ သူက နက်နေတာကိုး။ သူက အရောင်တွေအကုန်လုံးရဲ့ စိတ်အညစ်ဆုံးအချိန် ဖြစ်လိမ့်မယ်။ RGB Color Code မှာဆိုရင် အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် အချိုးတူအောင်ပေါင်းရင် အဖြူရောင်ရတယ်။ အဖြူရောင်ဆိုတာက ပြောစရာမလိုအောင် ဖြူစင်တယ်။ ဒါပေမယ့် အနက်ရောင်ကကျ သနားဖို့ကောင်းတယ်။ ဟိုသုံးကောင်လုံးသေသွားတဲ့အချိန်က ဒီကောင်ရဲ့ အောင်မြင်တဲ့အချိန်။ ကဲ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ အဲ့တာကြောင့်ပဲထင်တယ် အနက်ရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးကြတယ်။ ကျွန်တော်တို့ ခရီးတစ်ခုခုသွားခါနီးရင်လည်း လူကြီးတွေက အနက်ရောင်အဝတ်အစား ဝတ်မသွားဖို့ မှာကြတယ်။ ကားကို အနက်ရောင် ဝယ်မစီးတဲ့ လူတွေရှိတယ်။ ကဲကြည့် သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရပြန်ရော။ နောက်တစ်ခုက လူဖြူလူမဲ။ ဒါလည်း ဒီကောင်နဲ့ မကင်းဘူး။ လူတွေရဲ့ အသားအရောင်က သူ့နဲ့နီးနီးစပ်စပ် တူနေလို့ ဒီလိုမျိုးခွဲခြားတာတွေ ဖြစ်လာတာနေမယ်။ ဒီဟာကို...
Comments
Post a Comment