Skip to main content

နီးစပ်ဖို့ကြိုးစားခြင်းဟာ ဝေးကွာခြင်းကို အခွင့်အရေးပေးသလို ဖြစ်မယ်ဆိုတာကို ငါသိပါတယ်၊ ဂျူလီယာ။ ငါတို့တွေဟာ အသစ်သစ်တွေကို ရင်ခုန်တတ်ကြတာ ထုံးစံပဲမဟုတ်လား။ ဘယ်မှာ ငါတို့တင်းတိမ်ရောင့်ရဲနိုင်ခဲ့လို့လဲ။ ဘာပဲဖြစ်ဖြစ် ငါတော့ကြိုးစားကြည့်ချင်တယ်။ ငါတို့နှစ်ယောက်က စောက်ရမ်းခမ်းနားတဲ့ စုံစမ်းမှုတစ်ခု ဖြစ်နိုင်တာပဲ။ ပြီးတော့ ငါတဒင်္ဂလေးတွေကို ယုံကြည်တယ်။ တစ်မိနစ်၊ တစ်နာရီ၊ တစ်လ၊ တစ်နှစ်။ မည်သည့် အချိန်အပိုင်းအခြားမဆို ငါလက်ခံနိုင်တယ်။ ငါတို့ ရယ်မောရင်း ကုန်ဆုံးကြမယ်၊ ရန်ဖြစ်ငိုကြွေးရင်း အချိန်ဖြုန်းကြမယ်။ မင်းပဲစဉ်စားကြည့်လေ၊ ငါတို့တွေ ကိုယ့်သက်တမ်းရဲ့နောက်ဆုံးရက်ကို ကိုယ်တိုင်သတ်မှတ်လို့မှမရတာ။ တကယ်လို့ရရင်တော့ မင်းရဲ့သက်တမ်းကုန်ဆုံးချိန်နဲ့ အနီးဆုံးစက္ကန့်ကို ငါ့အတွက် သတ်မှတ်လိုက်မယ်။ အကြောင်းက ငါ့မျက်လုံးတွေနဲ့ အသက်မဲ့တဲ့ မင်းခန္ဓာကြီး မမြင်သွားချင်လို့ပဲ။ မင်းလည်း ငါ့အတွက် အလွန်ဆုံးခံစားရရင် စက္ကန့်ပိုင်းပေါ့။ ဒီတစ်ခုတော့ ငါတစ်ကိုယ်ကောင်းဆန်လိုက်မယ်။ ငါတို့ရှင်ကွဲ ကွဲမလား၊ သေကွဲ ကွဲမလား ငါမသိဘူး။ ငါသိတာ ငါတို့ကြိုးစားခဲ့တယ်ဆိုတာလေး ကျန်သွားဖို့ပဲ။ ကျန်တာမင်းသဘောပဲ။

Comments

Popular posts from this blog

အနက်ရောင်

လူတော်တော်များများ အနက်ရောင်ကို ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲဆိုပြီး အတိအကျ မရှိပေမယ့် အနက်ရောင်မို့လို့ ကြိုက်ကြတာများတယ်။ အနက်ရောင်ဟာ အရောင်တွေထဲမှာပါနေလို့သာ အရောင်လို့ပြောရတာ သူက ဘာအရောင်မှ မဟုတ်နေဘူး။ ဘာလို့ဘာအရောင်မှ မဟုတ်ရတာလည်းဆိုတာ သူက နက်နေတာကိုး။ သူက အရောင်တွေအကုန်လုံးရဲ့ စိတ်အညစ်ဆုံးအချိန် ဖြစ်လိမ့်မယ်။ RGB Color Code မှာဆိုရင် အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် အချိုးတူအောင်ပေါင်းရင် အဖြူရောင်ရတယ်။ အဖြူရောင်ဆိုတာက ပြောစရာမလိုအောင် ဖြူစင်တယ်။ ဒါပေမယ့် အနက်ရောင်ကကျ သနားဖို့ကောင်းတယ်။ ဟိုသုံးကောင်လုံးသေသွားတဲ့အချိန်က ဒီကောင်ရဲ့ အောင်မြင်တဲ့အချိန်။ ကဲ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ အဲ့တာကြောင့်ပဲထင်တယ် အနက်ရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးကြတယ်။ ကျွန်တော်တို့ ခရီးတစ်ခုခုသွားခါနီးရင်လည်း လူကြီးတွေက အနက်ရောင်အဝတ်အစား ဝတ်မသွားဖို့ မှာကြတယ်။ ကားကို အနက်ရောင် ဝယ်မစီးတဲ့ လူတွေရှိတယ်။ ကဲကြည့် သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရပြန်ရော။ နောက်တစ်ခုက လူဖြူလူမဲ။ ဒါလည်း ဒီကောင်နဲ့ မကင်းဘူး။ လူတွေရဲ့ အသားအရောင်က သူ့နဲ့နီးနီးစပ်စပ် တူနေလို့ ဒီလိုမျိုးခွဲခြားတာတွေ ဖြစ်လာတာနေမယ်။ ဒီဟာကို...
ငါ့ခေါင်းထဲမှာ Television တစ်လုံး ရှိတယ်။ ငါလုပ်ခဲ့မိတဲ့အမှားတွေကို တစ်ကဒ်ချင်း စိတ်ကြိုက်ထိုင်ကြည့်လို့ရတယ်။ Scene တိုင်းက အဖြူအမည်းနဲ့။ အသံတွေကလည်း Frequency အမြင့်ကြီးနဲ့ထွက်လိုက် နိမ့်သွားလိုက်၊ တိုးသွားလိုက် ကျယ်လာလိုက်။ ဒီဓာတ်ရှင်က ငါဖွင့်စရာမလိုပဲ ပွင့်တတ်တယ်၊ ခဏပြန်ပိတ်လို့ရတယ်။ ဖျက်ဆီးလို့မရ၊ ပျောက်သွားတဲ့ Scene မရှိ။ တိတ်ခွေတွေလို မှိုတက်သွားလည်း ကောင်းသား။ ဒါမှမဟုတ် စီဒီဓာတ်ပြားတစ်ချပ်လို ခဏခဏဖွင့်နေလို့ ခြစ်ရာတွေနဲ့ ပျက်စီးသွားလည်း အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Scene တွေရဲ့ အရုပ်ကွာလတီကျသွားရင်ကို ငါကျေနပ်ပေးလို့ရတယ်။ ငါ့အမှားတွေကို Flashback လိုလုပ်ပေးနေတာက ငါ့အတွက်ကောင်းသလား။ ငါမှားခဲ့မိတဲ့သူတွေကို ငါတောင်းပန်လို့မရ။ ဘယ်သူခွင့်လွှတ်တယ်ပြောပြော ငါ့ကိုငါခွင့်မလွှတ်။ အရာအားလုံးဟာ ငါ့ကြောင့်။ ငါပဲ မှားခဲ့တာလေ။ ဒါတွေဟာ ငါပိုင်တဲ့ငါ့အမှား။ ပြီးတော့ ငါ

The last cigarette

သူတို့စကားမပြောဖြစ်တာ ၅ ရက်လောက်ရှိပြီလို့ သူကျွန်တော့ကိုပြောတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း အဲ့ဒီညမှ ကောင်မလေးဆီက ဖုန်းဝင်လာတယ်တဲ့။ ဒီကောင်က ည ၁၀ နာရီနောက်ပိုင်းဖုန်းတွေဆို ကိုင်လေ့မရှိပေမယ့် ကောင်မလေးဆီကဆိုတော့ ကိုင်လိုက်တယ် ထင်ပါတယ်။ သူတို့နှစ်ယောက် ၁ နာရီလောက်ဖုန်းပြောဖြစ်တယ်လို့ သူပြောတယ်။ ဒါပေမယ့် သူပြန်ပြောပြတဲ့အကြောင်းအရာတွေအရဆို ၁ နာရီလုံး ဖုန်းပဲ ကိုင်ထားကြတာ ထင်တယ်။ သူပြောပြသလောက်တော့ ကောင်မလေးက သူနဲ့ ရှေ့မဆက်ချင်တော့ဘူးလို့ ပြောတယ်တဲ့။ ဒီစကားတွေ ကြားရတော့မယ်ဆိုတာ သူကြိုသိနေပေမယ့် သူ့ဘက်က အဆင်သင့်ဖြစ်သေးပုံမပေါ်။ ဘာလို့လဲဆိုတော့ သူပြောပြသလောက် ကောင်မလေးသူ့ကို အဆက်ဖြတ်ဖို့ပြောတာ ၅ ကြိမ်မက လောက်ရှိမယ်ထင်တယ်။ ဒါပေမယ့် ဒီတစ်အခေါက်မှာတော့ သူလက်ခံလိုက်ပုံရတယ်။ အရင်အခေါက်တွေတုန်းကတော့ ကျွန်တော်နဲ့ကော်ဖီခါးခါးတစ်ခွက်က သူ့ကိုနှစ်သိမ့်ပေးနိုင်ခဲ့တယ်။ သူအတော်ပင်ပန်းနေပြီလို့ ပြောတာလည်း ကျွန်တော့ နားနဲ့မဆံ့အောင်  ခဏခဏကြားဖူးတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း အခုအချိန်ကလည်း အဆင်ပြေတယ်ဆိုတဲ့သူ ဘယ်သူရှိလို့လဲ။ အကုန်လုံးက ဖြစ်ချင်တာတွေအကုန် အံဆွဲထဲထည့်၊ အိမ်မက်တွေက အမှိုက်ပုံးထဲရောက်။ အရာရာ ဖြစ်...