ကွမ်းမစားတတ်တဲ့ သူတစ်ယောက်အတွက်တော့ ကွမ်းစားတာ မကောင်းဘူးပဲ ထင်မှာ
နောက် ကွမ်းကြိုက်တဲ့လူတွေ ကွမ်းစားကြတာကိုလည်း မကြိုက်ကြဘူးပေါ့
လူပြောများကြတာတော့ ကွမ်းစားရင် ဟိုထွေးဒီထွေးနဲ့ ညစ်ပတ်တယ် ဘာညာပေါ့
တကယ်တော့ အဲ့တာ ကွမ်းစားခြင်းရဲ့ Standard ကို မမှီတဲ့ လူတွေကြောင့်
ဒီလိုဗျာ ကွမ်းစားရင် လျှောက်မထွေးအောင်လို့ ကွမ်းတံတွေးခွက်ဆိုတာတောင် ရှိသေးတာပဲ
ထားပါလေ
ပြောချင်တာက အဲ့အကြောင်းမဟုတ်
ကောင်းကြောင်းပြောပြဖို့
ဘာကောင်းလည်း ဆိုတော့ ကွမ်းဝါးနေရင်ဗျာ ပါးစပ်က ကွမ်းအပြည့်နဲ့ဆိုတော့ စကားသိပ်မပြောဖြစ်ဘူးပေါ့
ကိုယ့်လာပြောတဲ့လူတွေကိုဆိုလည်း ပါးစပ်ကြီးစိလျက် ဖြီးပြ၊ ခေါင်းငြိမ့်ပြနေယုံပဲ
ကဲ ဘယ်လောက်သက်သာလဲ
နောက် ကိုယ့်ဘေးနား ကိုယ့်နားထဲ ကန့်လန့်ဖြစ်တာတွေ လာပြောကြရင်တောင် ပါးစပ်ကမအားတော့ ပြန်ရန်မတွေ့လိုက်တာတွေကရှိတော့ အဲ့မှာတင် ပြဿနာက နည်းသွားပြီ
စကားနည်းရန်ဆဲဆိုတဲ့ စကားစုက ကွမ်းစားရင်း စဉ်းစားမိတာ ဖြစ်နိုင်တယ်
ကဲ ဘယ်လောက်ကောင်းလဲဗျာ စဉ်းစားကြည့်
အသက်၂၀ ကနေ အထက်ရောက်လာတော့ တော်တော်များများအရာတွေကို ရှင်းပြချင်စိတ်လည်း မရှိတော့ဘူး
အဲ့တော့ ၂၀ကျော်တဲ့ လူတွေ ကွမ်းစားကြည့်ကြပါ
#ကျွန်တော်ကွမ်းမစားပါ
Comments
Post a Comment