နှင်းဆိုတာ ဆောင်းရာသီရဲ့ ဘုရားပေးတယ့် ဆုလာဒ် ဖြစ်မယ်ထင်တယ်။
နှင်းကို အပြင်မှာတော့ မတွေ့ဖူးပါဘူး။ နှင်းကို ဓာတ်ရှင်တွေ ဓာတ်ပုံတွေထဲမှာတော့ ခဏခဏတွေ့ဖူးတယ်။
နှင်းဟာ သိပ်လှတယ်၊ သိပ်လည်း ဖြူစင်တယ်။
ဒါကြောင့် နှင်းကို မတွေ့နိုင်၊ မထိနိုင်၊ မကြားနိုင်ပဲ နှစ်သက်မိတယ်။
ဒါပေမယ့် နှင်းဟာ အေးမြနေမှာတော့ သိပ်သေချာတယ်။ ဘာလို့လဲဆိုတော့ နှင်းဟာ ဆောင်းရာသီရဲ့ ဖြစ်တည်မှုတစ်ခု မို့လို့ပဲ။
နှင်းရှိတဲ့အရပ်မှာ မွေးဖွားခြင်းမရှိခဲ့ပေမယ့်
ကျန်ရှိတဲ့ ဘဝရဲ့နေ့ရက်တွေကို နှင်းဝေတဲ့ အရပ်မှာ ဆက်လက်ရှင်သန်ဖို့ ရွေးချယ်ခွင့်ရှိဦးမယ်ထင်တယ်။မျက်ဝန်းတစ်စုံ ပြန်ဖွင့်စရာမလိုတော့တဲ့ အိပ်စက်ခြင်းကိုလည်း နှင်းတွေဖုံးနေတဲ့ အရပ်မှာပဲဖြစ်ဖို့ မျှော်လင့်မိတယ်။
နှင်းကို အနှစ်သက်မိဆုံး အရာကတော့ နှင်းဟာ မင်းဖြစ်နေလို့ပဲ။
Comments
Post a Comment