ကိုယ့်အတွက် မဟုတ်တဲ့အရာတွေနောက် ပြေးလိုက်ရင်း ကိုယ့်အတွက် မဟုတ်တဲ့ နောက်ထပ် အသစ်သစ်တွေနောက် နောက်ထပ်ပြေးလိုက်မိတယ်
လမ်းမှာ ခလုတ်တွေ၊ ဆူးတွေတော့ မကြုံရပေမယ့် လိုက်လေဝေးလေဖြစ်နေတယ့် အရာတွေကြောင့် အတိုင်းမသိ ပင်ပန်းနေတယ်
ရေတစ်ခွက် လာတိုက်မယ့်သူ ဒါမှမဟုတ် ဖြတ်လမ်းပြပေးမယ့်သူ တစ်ယောက်လောက်တော့ လိုအပ်နေတာ သေချာတယ်
ရာသီဥတုကတော့ ပြေးနေတဲ့ ဒီစောက်ရူးကို သတိထားမိပုံမပေါ်ပါဘူး
ပူချင်ပူလိုက် အေးချင်အေးလိုက်ပေါ့
ပူချင်ပူလိုက် အေးချင်အေးလိုက်ပေါ့
မြန်မြန်ရောက်အောင် ပို့ပေးမယ့် ယာဉ်တစ်စီးစီး လမ်းမှာ ကြုံလေမလား
အဲ့ဒီယာဉ်နာမည်က နိဗ္ဗာန်ယာဉ် ဖြစ်လေမလား
တကယ်ရော နိဗ္ဗာန်ရောက်လေမလား
စတဲ့ စတဲ့ အဖြေမရှိတဲ့ မေးခွန်းတွေတော့ လမ်းမှာစဉ်းစားမိတယ်
အဲ့ဒီယာဉ်နာမည်က နိဗ္ဗာန်ယာဉ် ဖြစ်လေမလား
တကယ်ရော နိဗ္ဗာန်ရောက်လေမလား
စတဲ့ စတဲ့ အဖြေမရှိတဲ့ မေးခွန်းတွေတော့ လမ်းမှာစဉ်းစားမိတယ်
တစ်ချို့တွေကလည်း အပြေးပြိုင်ပွဲတစ်ခုမှာ ပြေးနေတဲ့ အားကစားသမားတစ်ယောက်လို အားပေးကြတယ်
တစ်ချို့တွေကတော့ ဆက်မပြေးတော့ဖို့ တားကြတယ်
ဘယ်သူ့စကားက ကိုယ်တကယ်လိုချင်တဲ့အဖြေလည်း ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းလည်း မရှိပြန်ဘူး
တစ်ချို့တွေကတော့ ဆက်မပြေးတော့ဖို့ တားကြတယ်
ဘယ်သူ့စကားက ကိုယ်တကယ်လိုချင်တဲ့အဖြေလည်း ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းလည်း မရှိပြန်ဘူး
Photo Credit

Comments
Post a Comment