ဒီမေးခွန်းရဲ့ အဖြေဟာ သိပ်လွယ်မယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ လူတွေဟာ သေဆုံးသွားရင် ပိုချစ်ဖို့ကောင်းကြပါတယ်။ လူတစ်ယောက်ချင်းဆီအတွက် သေဆုံးခြင်းဟာ ချစ်ဖို့ကောင်းချင်မှ ကောင်းပေမယ့် သေဆုံးသွားတဲ့ လူတွေကတော့ ချစ်ဖို့ကောင်းကြပါတယ်။
ဘယ်လောက်ပဲ လူ့ဘဝမှာ သူအကျည်းတန်ခဲ့ပါစေ သူဟာ ချစ်ဖို့ကောင်းသွားပါတယ်။ နောက်ဆုံးဗျာ မွေးထားတဲ့မိဘက စွန့်ပစ်ထားရလောက်အောင် ဒုက္ခပေးတယ်ဆိုတဲ့ ရက်ကွက်ထဲက အရက်သမားသားဆိုးကြီးဟာလည်း ကိုယ့်ကိုကိုယ့် သတ်သေခြင်းမှာ သူချစ်ဖို့ကောင်းသွားရှာပါတယ်။
သူ့ဘဝသူ မကျေနပ်တာတွေနဲ့ ဖွဲ့စည်းထားတဲ့၊ အရာရာကို အပြစ်တင်တတ်တဲ့ လူတွေကတော့ ချစ်တတ်ချင်ယောင်ဆောင်ကြပါတယ်။ ကျန်ရစ်သူမိသားစုရှေ့မှာ ရှားပါးလှတဲ့ သေဆုံးသူရဲ့ကောင်းမှုတွေ မနည်းစုပြီး ဘယ်လောက်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ကြောင်း စကားလုံးတွေ အများကြီးရွေးချယ်ကာ စိတ်မကောင်းဖြစ်ပေးတတ်ကြပါတယ်။ ဈေးထဲမှာ၊ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့ အဲ့လူစောက်ပြစ်ပြောတဲ့ အချိန်တွေက လွဲလို့ပေါ့။
တကယ်တော့ ရှင်းရှင်းလေးရယ်။ ခင်ဗျား လူတစ်ယောက်ကို လူတစ်ယောက်လို မြင်တတ်သွားရင် ခင်ဗျားချစ်ပေးဖို့ အဲ့လူလည်း သေပေးစရာ လိုမှာမဟုတ်ဘူး။ လူတိုင်းကို ခင်ဗျားစီးထားတဲ့ဖိနပ်နဲ့ပဲ မတိုင်းနဲ့။ ခင်ဗျား သူ့ဘဝ သူ့အခြေနေတွေ မြင်တတ်၊ ခံစားတတ်သွားရင် အကုန်လုံးဟာ ချစ်စရာ ကောင်းလာတယ်။ ဒီလို ကျွန်တော်ပြောတော့ ခင်ဗျားတို့ ဒီစကားကို ထောက်ပြစရာ အများကြီးရှိပြီ။ ဒါပေမယ့် ခင်ဗျား အဲ့လူတွေနဲ့ နီးစပ်ရင် အဲ့လူတွေ အမှားတွေလုပ်၊ အမှားတွေပြောရင် ခင်ဗျား သူတို့တွေးတတ်အောင် လုပ်ပေးတတ်ဖို့လိုတယ်။ ခင်ဗျား အဲ့တာကြီးကို စောက်ပြစ်တွေကြီးပြောနေရင် လူ့ပတ်ဝန်းကျင်ကြီးဟာ အမုန်းတရားတွေကြီး ပြည့်နေလိမ့်မယ့်။
အဲ့ဒီတော့ ခုနက ကျွန်တော်မေးတဲ့ မေးခွန်းရဲ့အဖြေ ‘လူတွေဟာ သေဆုံးသွားရင် ပိုချစ်ဖို့ကောင်းသွားတယ်’ ဆိုတာ ဘာလို့လဲ။ ဘာလို့လဲဆိုတော့ သူအသက်ရှိတုန်းမှာ ခင်ဗျား မချစ်နေခဲ့လို့ပဲ။ နောက်တစ်ခုက ကျွန်တော်တို့တွေဟာ သေဆုံးတာကြီးကို အကြောင်းပြပြီး သေဆုံးသူကို သနားပေးလိုက်ကြလို့ပဲ ဖြစ်တယ်။ တစ်ကယ်တော့ သေဆုံးခြင်းဟာ သိပ်လှပတယ်။ Peaky Blinders ထဲက ‘Sometimes, Death is a kindness’ ဆိုတဲ့ စကားလေး သိပ်သဘောကြတယ်။ သေဆုံးမှုရဲ့ လွတ်မြောက်မှုဟာ နှစ်သက်ဖို့ကောင်းတယ်။ လူတွေရဲ့ အသိဉာဏ်မြင့်မားလာမှုနဲ့အတူ ဖင်ယားမှုတွေကနေ ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေမှာ လူတွေဟာ သိပ်ကြောက်ဖို့ကောင်းလာတယ်။ ဒီပတ်ဝန်းကျင်ကြီးကနေ လွတ်မြောက်ချင်လာတယ်။ ဒါပေမယ့် ဒီအလှအပကို မမြင်ပဲ လောကစည်းစိမ်မှာ သာယာနေတဲ့ လူတွေကတော့ သေဆုံးသွားသူကို သိပ်သနားနေကြတယ်။ သိပ်ချစ်ပြနေကြတယ်။ သူ့ဘဝမှာ သူမရသွားတဲ့ တစ်ချို့ခံစားမှုတွေအတွက် ဝမ်းနည်းပေးနေကြတယ်။ အဲ့ကနေမှ သေဆုံးသူ ပြုပြုခဲ့သမျှ မကောင်းမှုဟူသမျှသည် သနားတတ်ခြင်းနဲ့ ခွင့်လွတ်ခြင်းတွေမှာ ပျောက်ကွယ်ပြီး ချစ်စရာကောင်းလာကြတယ်။
သေဆုံးခြင်းရဲ့ အကောင်းဆုံးအပိုင်းကလည်း လုပ်စရာအပြစ်တွေ မရှိတော့လို့ပဲ။ အဲ့တော့ နောက်ပိုင်း ဆက်စရာ အပြစ်ကြွေးလည်း နည်းတာပေါ့ မဟုတ်လား။
ပြောချင်တာ ဒါပဲ။
Comments
Post a Comment