ငါ ဒီရက်ပိုင်း ပီယာနိုတစ်လုံးနဲ့ မင်းနဲ့ကို
အတော် တောင်းတမိတယ်
ငါ့ လိုချင်တပ်မက်မှုကို ငါ အော်ဟစ်ငိုကြွေးပြီး ဘယ်သူ့ဆီကမှ တောင်းလို့မရနေဘူး
ငါ့အသက်ရွယ်က ငိုတဲ့ကလေးက နို့ပိုရတယ်ဆိုတဲ့ အရွယ်လွန်ခဲ့ပြီလေ
တကယ်တော့ ပီယာနိုက လိုချင်တာပဲ ရှိတာ
ငါ့မှာ ထားစရာ အိမ်ပိုင်မရှိ
ဒါပေမယ့် မင်းအတွက်တော့ ငါက နွေးထွေးတဲ့အိမ်တစ်လုံး ဖြစ်မယ်လို့ ငါယုံကြည်တယ်
ငါကလေ ရော့ခ်မြူးဇစ် သိပ်ကြိုက်တာ
ဒါပေမယ့် ဒီရက်ပိုင်း ငါ့ရင်ခုန်သံအသစ်တွေကို ပီယာနိုနဲ့ပဲ ကလယ်စစ်ကယ် တီးချင်နေတယ်
ဒါနဲ့ မင်းသိလား
ပီယာနို သံစဉ်တွေကလေ မင်းလိုပဲ သိပ်လှတာ
#Ramadan_madness
Comments
Post a Comment