တစ်ခါတစ်လေကျ ငါ့စိတ်ကူးထဲမှာ
ငါ့ကိုယ်ငါ ပကာသနတွေ ဆင်ပြစ်လိုက်တယ်
လက်နှစ်ဖက်ကိုလည်း
ကားစတီယာရင်ပေါ်တစ်ဖက် ဂီယာတံပေါ်တစ်ဖက် တင်ထားလိုက်တယ်
ငါအတော်ဂေါ်နေတာကွ
ငါဘာကောင်လည်း ဘယ်သူမှ စိတ်ဝင်စားစရာ မလိုပဲ ငါဟာ ပြည့်စုံနေတယ်
ငါ့ကိုယ်ငါ စောက်ရမ်း ကျေနပ်နေတာလည်း
ငါမြင်ရတယ်
အခုငါမဟုတ်တဲ့ ငါဆိုရင်ကော
ငါ ပျော်နေမှာလား
အခုကော ငါပျော်အောင် နေလို့မရဘူးလား
လောကကြီးမှာ ဘယ်အရာမှ ပြီးပြည့်စုံတာ မရှိဘူးလို့တော့ ခဏခဏ ကြားဖူးတယ်
သူတို့မှားကြောင်း ငါစောက်ရမ်း ထောက်ပြချင်တာ
ဒါပေမယ့် ငါ့မှာ သက်သေ အလုံအလောက်မရှိ
သက်သေတွေ အကုန်စုဖို့လည်း
ငါ့မှာ အချိန်အလုံအလောက်မရှိ
ဒီလိုနဲ့ပဲ ဖြစ်ချင်တာတွေ မျှော်မှန်းပြီး တစ်နေ့ပြီးတစ်နေ့ အသက်ဆက်ရင်း
တစ်နေ့ထက်တစ်နေ့ အဲ့အရာတွေနဲ့ ဝေးလာတဲ့ နေ့ရက်တွေ ငါဖြတ်သန်းနေတယ်
ဒီဘဝခရီးကို ငါအကောင်းဆုံး ဖြတ်သန်းတိုင်း မထင်ထားတာတွေက ငါ့ကို နေ့တိုင်း ပါးလာရိုက်တယ်
ဒါပေမယ့်
ငါ့အရှင်ဆီ ငါအကူအညီတောင်းဖို့လည်း ငါပျက်ကွက်တတ်တယ်
ငါသွားမယ့် လမ်းခရီးဖြောင့်အောင် လုပ်ပေးတယ့်သူတွေကိုလည်း ငါအပြစ်တင်တတ်တယ်
လဲကျရင် ပြန်ထဖို့အားပေးတယ့်သီချင်းတွေနဲ့ လည်း ငါအိပ်နေတတ်တယ်
ငါ့ကိုယ်ငါ နှစ်သက်အောင် ကြိုးစားရင်း ငါ့ကိုယ်ငါ ခြောက်ထဲကန်ချနေမိတယ်
ငါ လွတ်မြောက်ပါစေလို့ ငါဆုတောင်းတယ်
မြေသုံးဆုပ်ထည့်ပြီးရင် ‘ဒီကောင်ကွာ’ ဆိုပြီး မင်းတို့တစ်ချက် ပြုံးပေး
ဒါဆို ငါ့အတွက် တစ်သက်စာ လုံလောက်ပြီ
Comments
Post a Comment