ပြန်ခေါ်ပေးပါလို့ ခဏခဏအပူကပ်နေမိတာတော့ တကယ်အားနာတယ်
ဒါပေမယ့် သတိထားမိတာတစ်ခုတော့ရှိတယ်
အဲ့တာက ကိုယ့်ကိုပြန်ခေါ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေးနေတာပဲ
မအောင်မြင်ပေမယ့် လက်တစ်လုံးမက နှစ်လုံး၊ သုံးလုံးစာ အလွဲလေးတွေက သက်သေပဲ
အခွင့်အရေး ခဏခဏပေးနေတာလည်း ဖြစ်နိုင်တယ်
ဒါပေမယ့် ကမောက်ကမ ဖြစ်အောင် အကြိမ်တိုင်းလုပ်ခဲ့တာပဲ
ဆက်လည်းလုပ်နေဦးမှာ အသေအချာပဲ
တစ်နေ့ကျ တကယ်ကြီးပြန်ခေါ်လိုက်ရင်တော့ ကိုယ်လုပ်ခဲ့တာတွေအတွက် ပြန်ရှင်းပြနိုင်ဖို့တောင် တော်တော်ကြိုးစားရမှာ
ဘာပဲဖြစ်ဖြစ် တစ်ရက်ပြီးတစ်ရက် ကျေးဇူးတင်တယ်ပြောပြီး ရှေ့ဆက်ရုံပဲလေ
ကိုယ့်ကို ဒီနေ့၊ ဒီအချိန်၊ ဒီအခြေအနေထိ ရောက်လာအောင် လုပ်ပေးခဲ့တာတင် နေ့ရက်တိုင်းကျေးဇူးတင်ဖို့ လုံလောက်နေပြီလေ မဟုတ်လား
ဟူး……..
Comments
Post a Comment