ဒီရက်ပိုင်း တိုင်ကပ်နာရီက လက်တံတွေကို သတိထားကြည့်မိတယ်။ ဘယ်လက်တံက စက္ကန့်၊ ဘယ်လက်တံက မိနစ်၊ ဘယ်လက်တံက နာရီလည်း မခွဲခြားနိုင်တော့ဘူး။ ငယ်ငယ်ကတော့ လူကြီးတွေက လက်တံအရှည်အတိုနဲ့ မှတ်ဖို့ သင်ပေးခဲ့ကြတယ်။ ဒါပေမယ့် လက်တံ သုံးချောင်းလုံးရဲ့ ညာရစ်လည်ပတ်နှုန်းက အသိအာရုံကို ခွဲခြားနိုင်စွမ်းမရှိတော့အောင် လုပ်နေတယ်။ အရမ်းမြန်နေတယ် ထင်မိတယ်။ ဘယ်နာရီကြည့်ကြည့်လည်း အဲ့လိုပဲ ဖြစ်နေတယ်။ ပြက္ခဒိန်က ရက်စွဲတွေလည်း အဲ့လိုပဲ။ တစ်နေ့ပြီးတစ်နေ့ပြောင်းတာ မြန်နေတယ်။ ၂၄ နာရီ ပြည့်ပါ့မလားတောင် သံသယဝင်မိတယ်။
အခုလိုမျိုး ဟိုတစ်ခါ ဖြစ်ဖူးတယ်။ အဲ့တုန်းကတော့ တစ်လောကလုံး ဝိုင်းလိမ်နေတယ် ထင်လို့ ညဘက်တွေ မအိပ်ပဲ နာရီထိုင်ကြည့်နေခဲ့တာ။ အဲ့တာလည်း အချိန်တွေက ကုန်တာမြန်တုန်းပဲ။ နောက်မှသိတာက အဲ့တုန်းက ကျားပေါက်ရဲ့ ‘မင်းမရှိနေ့များ’ ဆိုတဲ့သီချင်းနားထောင်နေလို့ပဲ ဆိုတာ။ အဲ့တာနဲ့ သေချာမှတ်ထားလိုက်တယ်။ အဓိပ္ပာယ်မဲ့တဲ့နေ့ရက်တွေ ဖြတ်သန်းရရင် အချိန်ကုန်မြန်တယ်ဆိုတာပဲ။
အခုရက်ပိုင်းဖြစ်နေတာကလည်း ခံစားချက်တွေ မတူတော့ပေမယ့် အဓိပ္ပာယ်မဲ့နေတာပဲ နေမှာပါ။
ခင်ဗျားတို့ရော
ဘယ်လိုထင်လဲ
ကျွန်တော်တို့နေ့ရက်တွေ စောက်ရမ်း အဓိပ္ပာယ်မဲ့နေပြီလား။
Comments
Post a Comment