ငါ့ခံစားချက် ပြာအိုးထဲက ပြာတွေမှာ
မင်းမျက်နှာ ငါမြင်ရတယ်
ငါတို့ရဲ့ အမှတ်တရရက်စွဲတွေချည်းပါတဲ့ ပြက္ကဒိန်တစ်ခုလည်း ငါမြင်ရတယ်
မင်း ကိုယ်သင်းနံ့လည်း ငါရတယ်
မင်းနှုတ်ခမ်းနီ အရဿာနဲ့ မင်းလက်က ချွေးတွေလည်း ငါခံစားမိတယ်
ဒီပြာအိုး ငါဘာလုပ်လိုက်ရမလဲ
မင်းနာမည်နဲ့ Safe Box မှာ အပ်ထားရမလား
ဒါမှမဟုတ်
မင်းစိုက်ထားတဲ့ အပင်အောက်မှာ မြှုပ်ထားရမလား
မင်းစောက်ဂရုမစိုက်ပေမယ့် မင်းနဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် ငါ့တစ်ဦးတည်း ဆုံးဖြတ်ချက်ကို ဦးစားပေးလို့မရဘူး
အဓိက က ဒီပြာအိုး ငါ့လက်ထဲဆက်ရှိမနေဖို့ပဲ
ဒီပြာအိုးကြောင့် ငါ့လက်တွေလောင်ထားတာ အနာမကျက်သေးဘူး
ကြာရင် ငါ့လက်ငါ ဖြတ်မိလိမ့်မယ်
Comments
Post a Comment