- ငါ့ကမ္ဘာ၌ အလင်းရောင်မရှိ၊ အနံ့မရှိ၊ အသံမရှိ၊ ပူခြင်းအေးခြင်းမရှိ၊ ရုပ်ဝတ္ထုဟူ၍ ငါမှလွဲ၍ အခြားဖြစ်တည်မှု ဘာဆိုဘာမှမရှိ။
- သို့သော် ငါလွင့်မျောနေတုန်း တစ်ခါတစ်လေကျ တစ်စုံတစ်ခုနဲ့ တိုက်မိတတ်တယ်။
- ထိုအရာ၏ဖြစ်တည်မှု အမှန်တကယ်ရှိမရှိ ငါအတည်မပြုနိုင်။
- ထိုအရာကြောင့် တစ်ခါတိုက်မိတိုင်း ငါ့ကမ္ဘာကြီး လင်းသွားတတ်တယ်။
- အလင်းရောင်ရှိချိန်သည် အတိအကျမရှိ၊ ပျမ်းမျှလူ့သက်တန်း၏ ၁ ဒဿမ ၀၈ နှစ်ခန့် ကြာတတ်သည်။
- ထိုအလင်းရောင်၌ လှပသောအရောင်အဆင်းအပြင် သင်းပြန့်သော မွှေးရနံ့၊ ချိုမြိန်သော တေးသံတစ်ချို့နဲ့ အပူအအေးမျှတမှုလည်း ပါဝင်တတ်သည်။
- ဤအချင်းအရာတွေကြောင့် ထိုအရာအား စွဲလမ်းမှု ဖြစ်တတ်သည်၊ ပျောက်ကွယ်သွားတိုင်း နာကျင်ရတတ်သည်။
- ဤသို့ဖြင့် ကျွန်တော့်ကမ္ဘာကြီး၏ ငြိမ်းချမ်းမှုသည်လည်း ပျောက်ကွယ်သွားတော့သည်။
Comments
Post a Comment