ကိုယ့်ကိုကိုယ် သတ်သေတိုင်း ငါ အော်ခံထိတယ်။ ဘယ်သူအော်လည်း သေချာမမှတ်မိ။ တစ်ခေါက်နဲ့တစ်ခေါက်လည်း အသံမတူဘူး ထင်တယ်။ တစ်ခါတစ်လေကျ အော်တာထက် လူအများကြီး ဝိုင်းကဲ့ရဲ့ခံနေရသလိုမျိုး ခံစားရတယ်။ သေချာစူးစိုက်နားထောင်ကြည့်ရင် ‘လုပ်ပြန်ပြီ၊ စောက်မှတ်လည်း မရှိဘူး’ လို့ကြားရသလိုပဲ။ ဒီဆူညံသံတွေ ငါ့နားက မခံနိုင်နေရအောင် 20kHz ကျော်နေလို့များလား။ ဟာ မသိဘူးကွာ၊ နားကြပ်တပ်ပြီး Noice Cancellation ဖွင့်ထားလိုက်မယ်။ အဲ့တော့မှပဲ ရုတ်တရက်ဆိုသလို အသံအကုန်တိတ်သွားရော။ ငါ့နားတွေများ ကန်းသွားတာလား။ ငါ့အသံလည်း ငါမကြားရတော့ဘူးဟ။ ငါ့အသံငါမကြားဘူးဆိုတော့ ငါအော်ရောအော်နေရဲ့လား။ မှန်ကြည့်ဖို့လုပ်တော့ မျက်စိပါ မမြင်တော့တာဟ။ အနံ့ရလားရှူကြည့်တော့ မြေသင်းနံ့လိုလို၊ ရွံ့နံ့လိုလို ရတယ်။ ဟ လီး ငါ လှုပ်လို့လည်းမရဘူးဟ။ shit ငါမြေမြှုပ်ခံထားရတာလား။ ဒါဆို အဖြူရောင်ပိတ်စနဲ့ ပတ်ထားလောက်လား။ နေပါဦး ငါမှ မမြင်ရတာ။ ငါကြိုက်တဲ့ အနက်ရောင်အဝတ်စနဲ့ ပတ်ထားတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် နည်းနည်းတော့ သက်တောင့်သက်သာ ရှိနေသလိုပဲ။ တစ်ရေးအိပ်လိုက်ဦးမယ်။ လှူပ်နှိုးနေကျ အေးစက်စက်နဲ့ အမေ့လက်လာထိမှပဲ ပြန်ထတော့မယ်။
လူတော်တော်များများ အနက်ရောင်ကို ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲဆိုပြီး အတိအကျ မရှိပေမယ့် အနက်ရောင်မို့လို့ ကြိုက်ကြတာများတယ်။ အနက်ရောင်ဟာ အရောင်တွေထဲမှာပါနေလို့သာ အရောင်လို့ပြောရတာ သူက ဘာအရောင်မှ မဟုတ်နေဘူး။ ဘာလို့ဘာအရောင်မှ မဟုတ်ရတာလည်းဆိုတာ သူက နက်နေတာကိုး။ သူက အရောင်တွေအကုန်လုံးရဲ့ စိတ်အညစ်ဆုံးအချိန် ဖြစ်လိမ့်မယ်။ RGB Color Code မှာဆိုရင် အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် အချိုးတူအောင်ပေါင်းရင် အဖြူရောင်ရတယ်။ အဖြူရောင်ဆိုတာက ပြောစရာမလိုအောင် ဖြူစင်တယ်။ ဒါပေမယ့် အနက်ရောင်ကကျ သနားဖို့ကောင်းတယ်။ ဟိုသုံးကောင်လုံးသေသွားတဲ့အချိန်က ဒီကောင်ရဲ့ အောင်မြင်တဲ့အချိန်။ ကဲ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ အဲ့တာကြောင့်ပဲထင်တယ် အနက်ရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးကြတယ်။ ကျွန်တော်တို့ ခရီးတစ်ခုခုသွားခါနီးရင်လည်း လူကြီးတွေက အနက်ရောင်အဝတ်အစား ဝတ်မသွားဖို့ မှာကြတယ်။ ကားကို အနက်ရောင် ဝယ်မစီးတဲ့ လူတွေရှိတယ်။ ကဲကြည့် သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရပြန်ရော။ နောက်တစ်ခုက လူဖြူလူမဲ။ ဒါလည်း ဒီကောင်နဲ့ မကင်းဘူး။ လူတွေရဲ့ အသားအရောင်က သူ့နဲ့နီးနီးစပ်စပ် တူနေလို့ ဒီလိုမျိုးခွဲခြားတာတွေ ဖြစ်လာတာနေမယ်။ ဒီဟာကို...
Comments
Post a Comment