Skip to main content

404

ငါလူတွေနဲ့အဝေးဆုံးနေရာရောက်ဖူးတယ်ဆို မင်းတို့ယုံမလား။ အဲ့နေရာမှာ ဘုရားမရှိ၊ အကြောက်တရားမရှိ၊ ပူခြင်းအေးခြင်းမရှိ၊ အကောင်းဆုံးအပိုင်းက လူတွေမရှိ။ ခေါင်းစဉ်တပ်စရာအရာဆိုလို့ ဗလာနတ္ထိ။ သို့သော်လည်း ‘လူ့အလိုနတ်မလိုက်နိုင်’ ဆိုသလို စိတ်ကျေနပ်မှုကအပြည့်မရှိ။ ကွက်လပ်တစ်ခုရှိစမြဲ။ ဒီတော့ ငါလူတွေနဲ့အနီးဆုံးမှာ ပြန်နေကြည့်တယ်။ အော် လူတွေလူတွေ။ အတ္တ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေကိုယ်ဆီနဲ့။ သူတို့ကိုကြည့်ပြီး ငါပင်ပန်း။ သူတို့ဆီကထွက်တဲ့အပူဒဏ် ငါခံနိုင်ရည်မရှိ။ ပျော့ညံ့လွန်းတယ်ပဲ ပြောမလား၊ မင်းတို့ကြိုက်သလို သတ်မှတ်နိုင်တယ်။ ငါ့ကိုယ်ငါ လိုက်လျောညီထွေမှု အကောင်းဆုံးဖြစ်အောင် ငါကြိုးစားနေထိုင်တယ်။ ဒါမှ ငါဟာလူတစ်ယောက်လို နေထိုင်ခဲ့ကြောင်း ငါ့ဘုရားရှေ့ကျ ပြန်ပြောနိုင်မှာလေ။ အရမ်းပင်ပန်းလာတိုင်း အဝေးဆုံးကို ပြန်ထွက်သွားဖြစ်တယ်။ တစ်ခါတစ်လေကျ ခဏခဏလုပ်နေရတဲ့ ဒီအပြောင်းအလဲကို ငါငြီးငွေ့လာတယ်။ ဘယ်မှာလဲ ငါ့အတွက် ထာဝရငြိမ်းချမ်းမှု။

Comments

Popular posts from this blog

အနက်ရောင်

လူတော်တော်များများ အနက်ရောင်ကို ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲဆိုပြီး အတိအကျ မရှိပေမယ့် အနက်ရောင်မို့လို့ ကြိုက်ကြတာများတယ်။ အနက်ရောင်ဟာ အရောင်တွေထဲမှာပါနေလို့သာ အရောင်လို့ပြောရတာ သူက ဘာအရောင်မှ မဟုတ်နေဘူး။ ဘာလို့ဘာအရောင်မှ မဟုတ်ရတာလည်းဆိုတာ သူက နက်နေတာကိုး။ သူက အရောင်တွေအကုန်လုံးရဲ့ စိတ်အညစ်ဆုံးအချိန် ဖြစ်လိမ့်မယ်။ RGB Color Code မှာဆိုရင် အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် အချိုးတူအောင်ပေါင်းရင် အဖြူရောင်ရတယ်။ အဖြူရောင်ဆိုတာက ပြောစရာမလိုအောင် ဖြူစင်တယ်။ ဒါပေမယ့် အနက်ရောင်ကကျ သနားဖို့ကောင်းတယ်။ ဟိုသုံးကောင်လုံးသေသွားတဲ့အချိန်က ဒီကောင်ရဲ့ အောင်မြင်တဲ့အချိန်။ ကဲ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ အဲ့တာကြောင့်ပဲထင်တယ် အနက်ရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးကြတယ်။ ကျွန်တော်တို့ ခရီးတစ်ခုခုသွားခါနီးရင်လည်း လူကြီးတွေက အနက်ရောင်အဝတ်အစား ဝတ်မသွားဖို့ မှာကြတယ်။ ကားကို အနက်ရောင် ဝယ်မစီးတဲ့ လူတွေရှိတယ်။ ကဲကြည့် သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရပြန်ရော။ နောက်တစ်ခုက လူဖြူလူမဲ။ ဒါလည်း ဒီကောင်နဲ့ မကင်းဘူး။ လူတွေရဲ့ အသားအရောင်က သူ့နဲ့နီးနီးစပ်စပ် တူနေလို့ ဒီလိုမျိုးခွဲခြားတာတွေ ဖြစ်လာတာနေမယ်။ ဒီဟာကို...
ငါ့ခေါင်းထဲမှာ Television တစ်လုံး ရှိတယ်။ ငါလုပ်ခဲ့မိတဲ့အမှားတွေကို တစ်ကဒ်ချင်း စိတ်ကြိုက်ထိုင်ကြည့်လို့ရတယ်။ Scene တိုင်းက အဖြူအမည်းနဲ့။ အသံတွေကလည်း Frequency အမြင့်ကြီးနဲ့ထွက်လိုက် နိမ့်သွားလိုက်၊ တိုးသွားလိုက် ကျယ်လာလိုက်။ ဒီဓာတ်ရှင်က ငါဖွင့်စရာမလိုပဲ ပွင့်တတ်တယ်၊ ခဏပြန်ပိတ်လို့ရတယ်။ ဖျက်ဆီးလို့မရ၊ ပျောက်သွားတဲ့ Scene မရှိ။ တိတ်ခွေတွေလို မှိုတက်သွားလည်း ကောင်းသား။ ဒါမှမဟုတ် စီဒီဓာတ်ပြားတစ်ချပ်လို ခဏခဏဖွင့်နေလို့ ခြစ်ရာတွေနဲ့ ပျက်စီးသွားလည်း အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Scene တွေရဲ့ အရုပ်ကွာလတီကျသွားရင်ကို ငါကျေနပ်ပေးလို့ရတယ်။ ငါ့အမှားတွေကို Flashback လိုလုပ်ပေးနေတာက ငါ့အတွက်ကောင်းသလား။ ငါမှားခဲ့မိတဲ့သူတွေကို ငါတောင်းပန်လို့မရ။ ဘယ်သူခွင့်လွှတ်တယ်ပြောပြော ငါ့ကိုငါခွင့်မလွှတ်။ အရာအားလုံးဟာ ငါ့ကြောင့်။ ငါပဲ မှားခဲ့တာလေ။ ဒါတွေဟာ ငါပိုင်တဲ့ငါ့အမှား။ ပြီးတော့ ငါ

The last cigarette

သူတို့စကားမပြောဖြစ်တာ ၅ ရက်လောက်ရှိပြီလို့ သူကျွန်တော့ကိုပြောတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း အဲ့ဒီညမှ ကောင်မလေးဆီက ဖုန်းဝင်လာတယ်တဲ့။ ဒီကောင်က ည ၁၀ နာရီနောက်ပိုင်းဖုန်းတွေဆို ကိုင်လေ့မရှိပေမယ့် ကောင်မလေးဆီကဆိုတော့ ကိုင်လိုက်တယ် ထင်ပါတယ်။ သူတို့နှစ်ယောက် ၁ နာရီလောက်ဖုန်းပြောဖြစ်တယ်လို့ သူပြောတယ်။ ဒါပေမယ့် သူပြန်ပြောပြတဲ့အကြောင်းအရာတွေအရဆို ၁ နာရီလုံး ဖုန်းပဲ ကိုင်ထားကြတာ ထင်တယ်။ သူပြောပြသလောက်တော့ ကောင်မလေးက သူနဲ့ ရှေ့မဆက်ချင်တော့ဘူးလို့ ပြောတယ်တဲ့။ ဒီစကားတွေ ကြားရတော့မယ်ဆိုတာ သူကြိုသိနေပေမယ့် သူ့ဘက်က အဆင်သင့်ဖြစ်သေးပုံမပေါ်။ ဘာလို့လဲဆိုတော့ သူပြောပြသလောက် ကောင်မလေးသူ့ကို အဆက်ဖြတ်ဖို့ပြောတာ ၅ ကြိမ်မက လောက်ရှိမယ်ထင်တယ်။ ဒါပေမယ့် ဒီတစ်အခေါက်မှာတော့ သူလက်ခံလိုက်ပုံရတယ်။ အရင်အခေါက်တွေတုန်းကတော့ ကျွန်တော်နဲ့ကော်ဖီခါးခါးတစ်ခွက်က သူ့ကိုနှစ်သိမ့်ပေးနိုင်ခဲ့တယ်။ သူအတော်ပင်ပန်းနေပြီလို့ ပြောတာလည်း ကျွန်တော့ နားနဲ့မဆံ့အောင်  ခဏခဏကြားဖူးတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း အခုအချိန်ကလည်း အဆင်ပြေတယ်ဆိုတဲ့သူ ဘယ်သူရှိလို့လဲ။ အကုန်လုံးက ဖြစ်ချင်တာတွေအကုန် အံဆွဲထဲထည့်၊ အိမ်မက်တွေက အမှိုက်ပုံးထဲရောက်။ အရာရာ ဖြစ်...