Skip to main content

အားလုံးရဲ့အစကတော့ သားဖွားမီးယပ်ဆရာဝန်ဆီကပဲ။ လူ့လောကထဲ လည်ပတ်ဖို့ ပထမဆုံးသံပတ်တစ်ရစ်ကို သူစပေးလိုက်တာပဲ။ အဲ့ကနေ တစ်နေ့ထက်တစ်နေ့ သံပတ်ကတဖြည်းဖြည်းတင်းလာလိုက်တာ သတိထားမိတဲ့အချိန်မှာ အသက်ရှူအတော်ကျပ်နေပြီ။ သနားပြီး ဘယ်သူကမှ သံပတ်ထပ်မတင်းပါနဲ့တော့ မတားပေးကြ။ ကိုယ်တိုင်က သံပတ်ရုပ်ဖြစ်နေတော့ ဆက်မလှုပ်ရှားတော့အောင် ရပ်ပစ်လိုက်ဖို့ကလည်း အစွမ်းအစမရှိ။ ခါးမှာချီထားတဲ့အထုတ်ထဲက အိမ်မက်တွေက အလေးချိန်အားဖြင့် ခန္ဓာကိုယ်နဲ့မလိုက်။ ပစ်ချထားလိုက်ဖို့ကျတော့လည်း တစ်စချင်းဆီကိုယ်စုခဲ့တာဆိုတော့ မလုပ်ရက်။ ဒီလိုနဲ့ ငါ့ကိုငါလှုပ်ရှားမှုမရပ်တန့်အောင် အတော်ကြိုးစားရတယ်။ ဘယ်လောက်ပင်ပန်းနေပါစေ ငါမရပ်ချင်ဘူး။ စောက်ကျင့်က မလှုပ်ရှားနိုင်တော့ရင် အိမ်မက်တွေချည်း ထုတ်ကြည့်မိတာ။ သူတို့ကိုလည်း မျက်နှာပူရပေါင်း မနည်းဘူး။ ဒီတော့ သူတို့မျက်နှာနဲ့ လုပ်နေရတာပဲ။ ဘာပဲဖြစ်ဖြစ် မဖြည့်ဆည်းပေးနိုင်တောင် ‘ငါကြိုးစားနေတာပဲ မမြင်ဘူးလား’လို့ လှမ်းဟောက်လို့ရတာပေါ့။ အိမ်မက်တွေကို ဆန္ဒပြီးမြောက်အောင်လုပ်ပေးဖြစ်မလား ငါ့သံပတ်အရင်ကုန်မလားတော့ ငါရန်ခုန်စွာနဲ့စောင့်နေလိုက်မယ်။ အဆင်မပြေတိုင်း သားဖွားဆရာဝန်ကို တစ်ချက်စိတ်ဆိုးမယ်။ အရာရာဟာ သူ့လက်ထဲကစတာ။ သူလုပ်ပိုင်ခွင့်ရှိတုန်းမှာ ငါ့အခွင့်အရေးတွေ သူပဲဖြုန်းတီးပစ်ခဲ့တာ။ အသက်ရှည်ကျန်းမာပါစေ ဒေါက်တာ။ ဒါမှ ခဏခဏ အပြစ်တင်ခွင့်ရမှာ။

Comments

Popular posts from this blog

အနက်ရောင်

လူတော်တော်များများ အနက်ရောင်ကို ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲဆိုပြီး အတိအကျ မရှိပေမယ့် အနက်ရောင်မို့လို့ ကြိုက်ကြတာများတယ်။ အနက်ရောင်ဟာ အရောင်တွေထဲမှာပါနေလို့သာ အရောင်လို့ပြောရတာ သူက ဘာအရောင်မှ မဟုတ်နေဘူး။ ဘာလို့ဘာအရောင်မှ မဟုတ်ရတာလည်းဆိုတာ သူက နက်နေတာကိုး။ သူက အရောင်တွေအကုန်လုံးရဲ့ စိတ်အညစ်ဆုံးအချိန် ဖြစ်လိမ့်မယ်။ RGB Color Code မှာဆိုရင် အနီရယ်၊ အစိမ်းရယ်၊ အပြာရယ် အချိုးတူအောင်ပေါင်းရင် အဖြူရောင်ရတယ်။ အဖြူရောင်ဆိုတာက ပြောစရာမလိုအောင် ဖြူစင်တယ်။ ဒါပေမယ့် အနက်ရောင်ကကျ သနားဖို့ကောင်းတယ်။ ဟိုသုံးကောင်လုံးသေသွားတဲ့အချိန်က ဒီကောင်ရဲ့ အောင်မြင်တဲ့အချိန်။ ကဲ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ အဲ့တာကြောင့်ပဲထင်တယ် အနက်ရောင်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးကြတယ်။ ကျွန်တော်တို့ ခရီးတစ်ခုခုသွားခါနီးရင်လည်း လူကြီးတွေက အနက်ရောင်အဝတ်အစား ဝတ်မသွားဖို့ မှာကြတယ်။ ကားကို အနက်ရောင် ဝယ်မစီးတဲ့ လူတွေရှိတယ်။ ကဲကြည့် သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရပြန်ရော။ နောက်တစ်ခုက လူဖြူလူမဲ။ ဒါလည်း ဒီကောင်နဲ့ မကင်းဘူး။ လူတွေရဲ့ အသားအရောင်က သူ့နဲ့နီးနီးစပ်စပ် တူနေလို့ ဒီလိုမျိုးခွဲခြားတာတွေ ဖြစ်လာတာနေမယ်။ ဒီဟာကို...
ငါ့ခေါင်းထဲမှာ Television တစ်လုံး ရှိတယ်။ ငါလုပ်ခဲ့မိတဲ့အမှားတွေကို တစ်ကဒ်ချင်း စိတ်ကြိုက်ထိုင်ကြည့်လို့ရတယ်။ Scene တိုင်းက အဖြူအမည်းနဲ့။ အသံတွေကလည်း Frequency အမြင့်ကြီးနဲ့ထွက်လိုက် နိမ့်သွားလိုက်၊ တိုးသွားလိုက် ကျယ်လာလိုက်။ ဒီဓာတ်ရှင်က ငါဖွင့်စရာမလိုပဲ ပွင့်တတ်တယ်၊ ခဏပြန်ပိတ်လို့ရတယ်။ ဖျက်ဆီးလို့မရ၊ ပျောက်သွားတဲ့ Scene မရှိ။ တိတ်ခွေတွေလို မှိုတက်သွားလည်း ကောင်းသား။ ဒါမှမဟုတ် စီဒီဓာတ်ပြားတစ်ချပ်လို ခဏခဏဖွင့်နေလို့ ခြစ်ရာတွေနဲ့ ပျက်စီးသွားလည်း အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Scene တွေရဲ့ အရုပ်ကွာလတီကျသွားရင်ကို ငါကျေနပ်ပေးလို့ရတယ်။ ငါ့အမှားတွေကို Flashback လိုလုပ်ပေးနေတာက ငါ့အတွက်ကောင်းသလား။ ငါမှားခဲ့မိတဲ့သူတွေကို ငါတောင်းပန်လို့မရ။ ဘယ်သူခွင့်လွှတ်တယ်ပြောပြော ငါ့ကိုငါခွင့်မလွှတ်။ အရာအားလုံးဟာ ငါ့ကြောင့်။ ငါပဲ မှားခဲ့တာလေ။ ဒါတွေဟာ ငါပိုင်တဲ့ငါ့အမှား။ ပြီးတော့ ငါ

The last cigarette

သူတို့စကားမပြောဖြစ်တာ ၅ ရက်လောက်ရှိပြီလို့ သူကျွန်တော့ကိုပြောတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း အဲ့ဒီညမှ ကောင်မလေးဆီက ဖုန်းဝင်လာတယ်တဲ့။ ဒီကောင်က ည ၁၀ နာရီနောက်ပိုင်းဖုန်းတွေဆို ကိုင်လေ့မရှိပေမယ့် ကောင်မလေးဆီကဆိုတော့ ကိုင်လိုက်တယ် ထင်ပါတယ်။ သူတို့နှစ်ယောက် ၁ နာရီလောက်ဖုန်းပြောဖြစ်တယ်လို့ သူပြောတယ်။ ဒါပေမယ့် သူပြန်ပြောပြတဲ့အကြောင်းအရာတွေအရဆို ၁ နာရီလုံး ဖုန်းပဲ ကိုင်ထားကြတာ ထင်တယ်။ သူပြောပြသလောက်တော့ ကောင်မလေးက သူနဲ့ ရှေ့မဆက်ချင်တော့ဘူးလို့ ပြောတယ်တဲ့။ ဒီစကားတွေ ကြားရတော့မယ်ဆိုတာ သူကြိုသိနေပေမယ့် သူ့ဘက်က အဆင်သင့်ဖြစ်သေးပုံမပေါ်။ ဘာလို့လဲဆိုတော့ သူပြောပြသလောက် ကောင်မလေးသူ့ကို အဆက်ဖြတ်ဖို့ပြောတာ ၅ ကြိမ်မက လောက်ရှိမယ်ထင်တယ်။ ဒါပေမယ့် ဒီတစ်အခေါက်မှာတော့ သူလက်ခံလိုက်ပုံရတယ်။ အရင်အခေါက်တွေတုန်းကတော့ ကျွန်တော်နဲ့ကော်ဖီခါးခါးတစ်ခွက်က သူ့ကိုနှစ်သိမ့်ပေးနိုင်ခဲ့တယ်။ သူအတော်ပင်ပန်းနေပြီလို့ ပြောတာလည်း ကျွန်တော့ နားနဲ့မဆံ့အောင်  ခဏခဏကြားဖူးတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း အခုအချိန်ကလည်း အဆင်ပြေတယ်ဆိုတဲ့သူ ဘယ်သူရှိလို့လဲ။ အကုန်လုံးက ဖြစ်ချင်တာတွေအကုန် အံဆွဲထဲထည့်၊ အိမ်မက်တွေက အမှိုက်ပုံးထဲရောက်။ အရာရာ ဖြစ်...