အားလုံးရဲ့အစကတော့ သားဖွားမီးယပ်ဆရာဝန်ဆီကပဲ။ လူ့လောကထဲ လည်ပတ်ဖို့ ပထမဆုံးသံပတ်တစ်ရစ်ကို သူစပေးလိုက်တာပဲ။ အဲ့ကနေ တစ်နေ့ထက်တစ်နေ့ သံပတ်ကတဖြည်းဖြည်းတင်းလာလိုက်တာ သတိထားမိတဲ့အချိန်မှာ အသက်ရှူအတော်ကျပ်နေပြီ။ သနားပြီး ဘယ်သူကမှ သံပတ်ထပ်မတင်းပါနဲ့တော့ မတားပေးကြ။ ကိုယ်တိုင်က သံပတ်ရုပ်ဖြစ်နေတော့ ဆက်မလှုပ်ရှားတော့အောင် ရပ်ပစ်လိုက်ဖို့ကလည်း အစွမ်းအစမရှိ။ ခါးမှာချီထားတဲ့အထုတ်ထဲက အိမ်မက်တွေက အလေးချိန်အားဖြင့် ခန္ဓာကိုယ်နဲ့မလိုက်။ ပစ်ချထားလိုက်ဖို့ကျတော့လည်း တစ်စချင်းဆီကိုယ်စုခဲ့တာဆိုတော့ မလုပ်ရက်။ ဒီလိုနဲ့ ငါ့ကိုငါလှုပ်ရှားမှုမရပ်တန့်အောင် အတော်ကြိုးစားရတယ်။ ဘယ်လောက်ပင်ပန်းနေပါစေ ငါမရပ်ချင်ဘူး။ စောက်ကျင့်က မလှုပ်ရှားနိုင်တော့ရင် အိမ်မက်တွေချည်း ထုတ်ကြည့်မိတာ။ သူတို့ကိုလည်း မျက်နှာပူရပေါင်း မနည်းဘူး။ ဒီတော့ သူတို့မျက်နှာနဲ့ လုပ်နေရတာပဲ။ ဘာပဲဖြစ်ဖြစ် မဖြည့်ဆည်းပေးနိုင်တောင် ‘ငါကြိုးစားနေတာပဲ မမြင်ဘူးလား’လို့ လှမ်းဟောက်လို့ရတာပေါ့။ အိမ်မက်တွေကို ဆန္ဒပြီးမြောက်အောင်လုပ်ပေးဖြစ်မလား ငါ့သံပတ်အရင်ကုန်မလားတော့ ငါရန်ခုန်စွာနဲ့စောင့်နေလိုက်မယ်။ အဆင်မပြေတိုင်း သားဖွားဆရာဝန်ကို တစ်ချက်စိတ်ဆိုးမယ်။ အရာရာဟာ သူ့လက်ထ...
ဒီအကြောင်းမပြောခင် စီးကရက်နဲ့ စီးကရက်ကိုစွဲလမ်းတဲ့သူတစ်ယောက်ရဲ့ Relationship ကို အရင်ပြောရမယ် ထင်တယ်။ စီးကရက်သောက်တဲ့သူအများစုက စီးကရက်က လူကိုဘယ်လောက်အန္တရာယ်ပေးကြောင်း အတိုင်းအတာတစ်ခုထိ နားလည်ကြတဲ့သူတွေချည်းပဲ။ ဒါဆို ဘာလို့သောက်ကြလဲ။ စွဲလမ်းမှုတစ်ခုပဲ ပြောရမယ်။ ဒီအရသာလေးကို နှစ်သက်သွားကြတာ။ ဘဝရဲ့ ခဏတာလေးတွေကို အကောင်းဆုံးဖြတ်သန်းချင်ကြသလိုမျိုးပေါ့။ ဒီလိုပဲ မိန်းမတစ်ယောက်ကို စွဲလမ်းတာမျိုးလည်း ဖြစ်တတ်ကြတယ်။ ကိုယ့်အတွက် ဘယ်လောက်ပဲမကောင်းတာကို သိနေပါစေ၊ ပတ်ဝန်းကျင်က တားနေပါစေ၊ မစွန့်လွှတ်ရက်နိုင်အောင် ဖြစ်နေကြတာ။ အတူနေရတဲ့အချိန်တွေဟာ စီးကရက်တစ်လိပ်သောက်နေရသလိုပဲ။ ခဏခဏသောက်ချင်နေတယ်။ အကြိမ်ရေများလေ စွဲလမ်းမှုက ပိုလာလေပဲ။ ချောင်းဆိုးမယ်၊ သလိပ်ခပ်ရင် သွေးပါမယ်၊ နှလုံးခုန်နှုန်းမြန်မယ်၊ မောဟိုက်ချင်းက နိစ္စဓူဝပဲ။ အဆိုးဆုံးကွာ သွေးအန်မယ်။ ဒီလိုတွေဖြစ်လည်း စီးကရက်ကြိုက်သူက ဆက်သောက်နေတာပဲ။ နာကျင်စရာတွေများလည်း ဆက်သောက်နေတာပဲ။ စီးကရက်စွဲလမ်းပြီးမှ လုံးဝထပ်မသောက်တော့ပဲ ဖြတ်ပြစ်နိုင်တဲ့ယောက်ျားတစ်ယောက်ဟာ ဘဝမှာ ဘယ်အရာမဆိုအောင်မြင်နိုင်ချေများတယ်။ ကဲ ဆေးလိပ်ဖြတ်ဖို့ ဘယ်လိုနားချရမလဲ။